အလုပ်သင် HRBP ခေါ်ယူခြင်း (၅)ဦး
========================
Top HR Solutions Co.,Ltd မှ HR Career စိတ်ပါဝင်စားသူများအားရည်ရွယ်၍ MBA or master's degree in HR fresh graduates များအတွက်
HR အလုပ်သင်ဝန်ထမ်း အလုပ်အကိုင်အခွင့်အလမ်းများခေါ်ယူနေပါသည်။
TOP HR Solutions ရဲ့ (၁၀)နှစ်တာဖြတ်သန်းခဲ့ပြီးတဲ့
အတွေ့အကြုံကောင်းများ၊ စိုက်ထူခဲ့ပြီးတဲ့ အောင်မြင်မှုမှတ်တိုင်များကြောင့် TOP HR ရဲ့ ဝန်ဆောင်မှုများကိုယုံကြည် စွာ လုပ်ငန်းအပ်နှံမှုများအရ
ကျွမ်းကျင်ဝန်ထမ်းများ ထပ်မံအင်အားဖြည့်တင်းနိုင်ရေးအတွက်
စာတွေ့ကျွမ်းကျင်ပြီးဖြစ်သည့် MBA နှင့် MSC (HRM) ဘွဲ့ရ
လူငယ်များအား လက်တွေ့ လုပ်ငန်းအတွေ့အကြုံများဖြင့် သင်ကြားလေ့ကျင့်ပေးမည့် အောက်ပါအစီအစဉ်ဖြင့် ခေါ်ယူခန့်ထားမည်ဖြစ်သည်။
အလုပ်သင်ကာလ (၃)လ - လစာ (၅)သိန်း
==========================
Top HR Solutions တွင် အလုပ်သင်အဖြစ် ရွေးချယ်ခံရသူများအနေဖြင့် အလုပ်သင်ကာလအတွင်း
✅ အလုပ်သမားဥပဒေ သင်တန်းအခမဲ့တက်ရောက်ခွင့်
✅ လစာတွက်ချက်ခြင်း နှင့် ဝင်ငွေခွန်တွက်ချက်ခြင်းသင်တန်း အခမဲ့တက်ရောက်ခွင့်
✅ HR Consulting Service နှင့်ပတ်သက်၍ Senior များနှင့်အတူ လိုက်ပါဆောင်ရွက်ခွင့်
✅ HR Auditing Service နှင့်ပတ်သက်၍ Senior များနှင့်အတူ လိုက်ပါဆောင်ရွက်ခွင့်
အစမ်းခန့်ကာလ (၃)လ - လစာ (၇)သိန်း
=========================
အလုပ်သင်ကာလကျော်လွန်ပါက အစမ်းခန့်ဝန်ထမ်းအဖြစ်ပြန်လည်ရွေးချယ်ခန့်အပ်မည့်အပြင် ရွေးချယ်ခြင်းခံရပါက
ကာလအတွင်း Job Rotation အစီအစဉ်အဖြစ်
Recruitment & Selection, Payroll Management နှင့် HR consulting service တွင်အလှည့်ကျစီဖြင့်
တာဝန်ထမ်းဆောင်ရမည်ဖြစ်သည့်အတွက် HR Career ရွေးချယ်မည့် သူများအတွက် Career Development အထူးအခွင့်အရေးတစ်ခု ဖြစ်ပါသည်။
အတည်ပြုခန့်ထားခြင်း - HR Business Partner - လစာ (၁၀)သိန်း- (၁၅) သိန်း
စိတ်ပါဝင်စားသူများအနေဖြင့် recruitment@tophrmyanmar.com သို့ပေးပို့လျှောက်ထားနိုင်ပါသည်။
ရွေးချယ်ခြင်းခံရပါက (၂)ပတ်အတွင်းအင်တာဗျူးခေါ်ယူပါမည်။ အသေးစိတ်ဆက်သွယ်လိုပါက ဖုန်းနံပတ်
(၀၉-၄၀၆၆၆၃၃၁၁-၂၂) သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အလုပ်သင် HRBP ခေါ်ယူခြင်း
5 Post
Full Time
Yangon
Deadline (Mar 31 2025)