ကျွန်ုပ်တို့၏ မျှော်မှန်းချက်
- မြန်မာနိုင်ငံ၏ ထိပ်တန်း HR အတိုင်ပင်ခံနှင့် ၀န်ထမ်းခေါ်ယူမှု ၀န်ဆောင်မှုပေးသည့် အဖွဲ့အစည်း အဖြစ် ရပ်တည်နိုင်ရန် ၊ အရည်အချင်းပြည့်ဝသော HR ပညာရှင်များနှင့်အတူ ထိရောက်၍တီထွင်ဆန်းသစ် သော HR စီမံ ခန့်ခွဲမှု အကြံပေးဝန်ဆောင်မှုများဖြင့် တိုင်းပြည်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကိုတစ် ဘက်တစ်လမ်းမှ အ ထောက်အကူပြုရန်။
ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာ
- အလုပ်ခွင်ကျွမ်းကျင်မှုသင်တန်းများပေးခြင်းအားဖြင့်လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေပြီး ကျွမ်းကျင်သောစီးပွားရေးပညာရှင်များဖြစ်လာစေရန် မွေးထုတ်ပေးခြင်း
- ကျွမ်းကျင်သော HR ပညာရှင်များ မှ စီးပွားရေးလုပ်ငန်းများအား လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု ပြဿနာ များထိရောက်စွာဖြေရှင်းဆောင်ရွက်ပေးခြင်း။
ဘာကြောင့်ရွေးချယ်သင့်လဲ
လုပ်ငန်းအသိပညာကြွယ်ဝပြီး စွမ်းဆောင်ရည်ပြည့်ဝသည့် team
ကျွန်ုပ်တို့၏ Team အား အတွေ့အကြုံရှိသော HR လက်တွေ့ကျွမ်းကျင်သူများ၊ အငြိမ်းစားအရာရှိများ နှင့် အစိုးရ ဥပဒေ၊ ဒေသတွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများရှိလုပ်ငန်းအတွေ့အကြုံရှိသည့် အလုပ်သမား ဥပဒေကျွမ်း ကျင် သူများဖြင့် ဖွဲ့စည်းထားခြင်း
အကောင်းမွန်ဆုံးအရည်အသွေးဝန်ဆောင်မှုများ
ကျွမ်းကျင်ပညာရှင်များနှင့်အတူကျွန်ုပ်တို့သည်အရည်အသွေးနှင့် ပတ်သက်၍ ဖောက်သည်များ၏လိုအပ်ချက် အပေါ် အခြေခံ၍ ထူးကဲသောဝန်ဆောင်မှုများကိုဖြည့်ဆည်းပေးလျက်ရှိခြင်း
မြန်မာနိုင်ငံ၏ အစောဆုံးထိပ်တန်း HR ၀န်ဆောင်မှုလုပ်ငန်းဖြစ်ခြင်း
ကမ္ဘာ့ HR ရေစီးကြောင်း နှင့်ရင်ပေါင်တန်းပြီး ကျွန်ုပ်တို့သည်ဒေသတွင်း အစောဆုံး HR ဝန်ဆောင်မှု လုပ်ငန်း တစ်ခု ဖြစ် ပါသည်။