About

TOP HR Solutions သည် HR ဝါရင့် ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး လူကြီးမင်းများ၏ စီးပွားရေးလုပ်ငန်းများတွင် ကြုံတွေ့ရတတ်သည့် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှု များနှင့် ပတ်သက်သည့် အခက်အခဲများအတွက် အဖြေကို တစ်နေရာတည်းတွင် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် (one stop HR solutions) ရည်ရွယ် တည်ထောင် ထားပါသည်။

TOP HR Solutions သည် ဝန်ထမ်းရေးရာ အကြံပေးလုပ်ငန်း အပြင် ကျွမ်းကျင်ဝန်ထမ်း ရှာဖွေခန့်ထားပေးရေး၊ ဝန်ထမ်းလစာရေးဆွဲခြင်း ဝန်ဆောင်မှု လုပ်ငန်း၊ ဝန်ထမ်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် သင်တန်းလိုအပ်ချက်များ ဖော်ထုတ်ပြီး သင်တန်း အစီအစဉ်များရေးဆွဲပေးခြင်း၊ စွမ်းရည်မြှင့်သင်တန်းများပေးခြင်း၊ လုပ်ငန်းခွင်ပျော်ရွှင်ရေး နှင့် စည်းလုံးချစ်ကြည်ရေး တို့အတွက် ရည်ရွယ် ဆောင်ရွက်ပေးသော ဝန်ထမ်းများ၏ စုပေါင်းလှုပ်ရှားမှုများ စနစ်တကျ ရေးဆွဲ စီစဉ်ပေးခြင်း ဝန်ဆောင်မှုများ အစရှိသည်တို့ ပါဝင်ပါသည်။

TOP HR အဖွဲ့သားများသည် လူကြီးမင်းတို့၏ စီးပွားရေးလုပ်ငန်းများတွင် ကြုံတွေ့ရတတ်သည့် ဝန်ထမ်းရေးရာ အခက်အခဲများ နှင့် ပတ်သက်၍ လုပ်ငန်းနှင့် သင့်လျော်ကိုက်ညီမည့် လွယ်ကူရိုးရှင်းသည့် အကောင်းဆုံး အဖြေများ ထုတ်ပေးရန် အမြဲ အသင့်ရှိပါသည်။

TOP HR Solutions ၏ မျှော်မှန်းချက်မှာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် အရေးအပါဆုံး ဖြစ်သည့် ဝန်ထမ်းရေးရာနှင့် ပတ်သက်သော အခက်အခက်အခဲ မှန်သမျှကို အကောင်းဆုံး အဖြေထုတ်ပေးနိုင်သည့် မြန်မာနိုင်ငံ၏ ထိပ်တန်း ဝန်ဆောင်မှု လုပ်ငန်း အဖြစ် ရပ်တည်သွားနိုင်ရန် ဖြစ်ပါသည်။

Our Team

Daw Maw Maw Tun

Founder & Consultant

U Thet Naing Oo

Principal

Our Clients