Myanmar Career Bridge Academy

  • Home
  • /
  • Myanmar Career Bridge Academy

Myanmar Career Bridge Academy (Road to Successful Career!)
ဝါရင့်ကျွမ်းကျင်ဆရာများသင်ကြားပို့ချပေးသည့်သင်တန်းများ

What is ABE?

ABE (The Association of Business Executives) သည် နှစ်ပေါင်း ၄၀ ကျော် သက်တမ်းရှိ နိုင်ငံတကာ အသိအမှတ်ပြုခံရသည့် အင်္ဂလန်နိုင်ငံမှ ပညာရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း တစ်ရာကျော်တွင် ကျောင်းသားပေါင်း တစ်သန်းခွဲခန့် တက်ရောက်နေပါသည်။

Why ABE?

ABE အနေဖြင့် ချီးမြှင့်သည့် ဒီပလိုမာလက်မှတ်များသည် နိုင်ငံတကာအသိအမှတ်ပြုခံထားရသည့် အတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရှာဖွေနေသူများ၊ မဟာဘွဲ့အထိ ပညာဆက်လက်စည်းပူးလိုသူများ အတွက် အသင့်တော်ဆုံးဖြစ်ပြီး အထိရောက်ဆုံး အထောက်အကူပြုနိုင်ပါသည်။
Myanmar Career Bridge Academy (MCBA) သင်တန်းကျောင်းအနေဖြင့် abe အသိအမှတ်ပြု Diploma များဖြစ်သည့်အပြင် ယနေ့ခေတ်ကာလအတွက် လွန်စွာအရေးပါသော Diploma in Business Management သင်တန်း၊ Diploma in Human Resource Management သင်တန်းနှင့် Diploma in Marketing Management သင်တန်းများကို ဝါရင့်ဆရာ၊ ဆရာမကြီးများမှ သင်ကြားပို့ချမည် ဖြစ်ပါသည်။

Level 5 Diploma

level 5 Diploma သည် အသက် (၁၈)နှစ် ပြည့်ပြီး လက်ရှိတက္ကသိုလ်တစ်ခုခုတွင် ဒုတိယနှစ်အဆင့် တက်ရောက်နေသော ကျောင်းသားကျောင်းသူများ တက်ရောက်နိုင်ပြီး ပြည်ပရှိ တက္ကသိုလ်တစ်ခုခုတွင် ဆက်လက်ပညာသင်ယူလိုသူများနှင့် လုပ်ငန်းခွင်စတင်ဝင်ရောက်လိုသူများ တက်ရောက်နိုင်ပါသည်။
QCF Level (5) အောင်မြင်ပြီးသူများအနေဖြင့် နိုင်ငံခြားသို့ ကျောင်းဆက်တက်မည်ဆိုပါက နိုင်ငံတကာ ကျောင်းများတွင် ဒုတိယနှစ်အဖြစ် ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။ MCBA မှ ဖွင့်လှစ်ထားသည့် QCF Level (6) Diploma တန်းများတွင် တက်ရောက်နိုင်မည်ဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံနှင့် သိသင့်သိအပ်သော ဘာသာရပ်ဆိုင်ရာ အခြေခံများကို သင်ကြားတတ်မြောက် ခဲ့ပြီးဖြစ်သည့်အတွက် လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ရန် အဆင်သင့်ဖြစ်နေပါပြီ။

Level 6 Diploma

abe ၏ Level (6) Diploma သည် ဘွဲ့ရ၊ လုပ်ငန်းခွင်တစ်ခုခုတွင် ဝင်ရောက်လုပ်ကိုင်နေသူများ၊ လုပ်ငန်းခွင်သို့ ဝင်ရောက်ရန်အတွက် ကြိုးစားပြင်ဆင်နေသူများ၊ Executive နှင့် လုပ်ငန်းခွင်မန်နေဂျာ အဆင့်ရှိသူများ တက်ရောက်နိုင်ပါသည်။ MBA သို့ ဆက်လက်တက်ရောက်နိုင်မည် ဖြစ်သည့်အတွက် အရေးပါသော Program လည်းဖြစ်ပါသည်။
Level 6 Diploma ပြီးဆုံးပါက နိုင်ငံတကာရှိတက္ကသိုလ်ကြီးများတွင် နောက်ဆုံးနှစ်သို့ ပညာဆက်လက် သင်ယူနိုင်ပြီး အချို့တက္ကသိုလ်များရှိ MBA Program ကိုလည်း တက်ရောက်နိုင်ပါသည်။ MCBA မှ ဖွင့်လှစ်သင်ကြားမည့် Level 7 Diploma တန်းကို ဆက်လက်တက်ရောက်နိုင်ပါမည်။ ထို့ပြင် အခွင့်အလမ်း ပိုမိုကောင်းမွန်သော နိုင်ငံတကာအဆင့်ရှိ လုပ်ငန်းကြီးများ၊ ပြည်တွင်းရှိကုမ္ပဏီကြီးများတွင် လုပ်ငန်းခွင်ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။

Business Management

abe မှ ပြဌာန်းသင်ရိုးအတိုင်း သင်ကြားပြီး abe,UK မှတိုက်ရိုက်ချီးမြှင့်မည့် စီးပွားရေးစီမံခန့်ခွဲရေး ဒီပလိုမာ (Diploma in Business Management) ကို MCBA သင်တန်းကျောင်းတွင် Level 5 မှ စတင်တက်ရောက်နိုင်မည် ဖြစ်ပါသည်။ abe ၏ Business Management သင်ရိုးသည် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် ပညာရပ်ဆိုင်ရာဘာသာရပ်ဖြစ်သည့်အပြင် လုပ်ငန်းခွင်အတွင်းပါ အသုံးချနိုင်မည်ဖြစ်သည့်အတွက် တက်ရောက်သင်ယူမည့် သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲမှုဆိုင်ရာ အတတ်ပညာများ ကျွမ်းကျင်ပြည့်စုံစေမည့်အပြင် ပညာဆက်လက် သင်ယူပြီး Master ဘွဲ့ရသည်အထိ တက်လှမ်းနိုင်မည်ဖြစ်ပါသည်။

Human Resource Management

abe ၏ ပြဌာန်းထားသော သတ်မှတ်သင်ရိုးအတိုင်း သင်ကြားပြီး UK မှ တိုက်ရိုက်ချီးမြှင့်မည်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာ (Diploma in Human Resource Management) ဘာသာရပ်ကို MCBA သင်တန်းကျောင်းတွင် Level 5 မှ စတင်တက်ရောက်နိုင်ပါမည်။ ယနေ့ခေတ်တွင် အဖွဲ့အစည်းများ (သိုမဟုတ်) စီးပွားရေးလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲခြင်းနှင့် ပတ်သက်၍ များစွာအရေးပါလာပြီဖြစ်ပါသည်။
abe သင်ရိုးဖြင့် သင်ကြားပေးမည့် HR Diploma ကိုင်ထားပြီး ကျွမ်းကျင်သော HR ကောင်းတစ်ယောက် ဖြစ်လာမည်ဖြစ်သင့်အပြင် စီးပွားရေးနှင့် အသင်းအဖွဲ့ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပါအဝင် နိုင်ငံတကာ လူ့စွမ်းအားအရင်းအမြစ် ခန့်ခွဲခြင်းနှင့်ပတ်သက်၍ သင်ကြားရမည်ဖြစ်သည့်တွက် ကုမ္ပဏီကြီးများတွင် ရာထူးကြီးဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ abe ၏ HR Management Diploma တွင်သင်ယူရမည့် အသုံးချသီအိုရီများ၊ လုပ်ထုံးလုပ်နည်းများ၊ မဟာဗျူဟာများကို ပြည့်စုံစွာ သင်ယူနိုင်မည်ဖြစ်ပါသည်။

Marketing Management

abe ၏ ပြဌာန်းထားသော သတ်မှတ်သင်ရိုးအတိုင်း သင်ကြားပြီး UK မှ တိုက်ရိုက်ချီးမြှင့်မည်ဖြစ်သည့် ဈေးကွက်ချဲ့ထွင်ခြင်း စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာ (Diploma in Marketing Management) ဘာသာရပ်ကို MCBA သင်တန်းကျောင်းတွင် Level 5 မှ စတင်တက်ရောက်နိုင်ပါမည်။ စီးပွားရေး လုပ်ငန်းတစ်ခု (သိုမဟုတ်) အဖွဲ့အစည်းတစ်ရပ်အတွက် ဈေးကွက်ချဲ့ထွင်ပြီး အမြတ်အစွန်းများလာရန် ပြုလုပ်ခြင်း၊ ဈေးကွက်အတွင်း လူအများ အသိအမှတ်ပြုလာစေရန်အတွက် အသုံးချနိုင်မည့် နည်းစနစ်များကို နိုင်ငံတကာလုပ်ထုံးလုပ်နည်း သီအိုရီများ၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး သင်ယူရမည်ဖြစ်ပါသည်။
abe ၏ Marketing Management ဆိုင်ရာ ဘာသာရပ်များသည် စီးပွားရေးလုပ်ငန်းများအတွင်း ထိရောက်စွာ အသုံးချနိုင်မည့်အပြင် Master ဘွဲ့ရသည်အထိ ပညာရပ်ဆိုင်ရာများ ဆက်လက်ပညာသင်ယူနိုင်မည် ဖြစ်ပါသည်။